အစွန်အဖျား အာရုံကြောလေးတွေ ကျန်းမာစေဖို့
အစွန်အဖျား အာရုံကြောလေးတွေက ဗဟိုအာရုံကြော စနစ်ဆီကို ထိတွေ့မှု အချက်ပြစနစ်တွေကို ပို့ဆောင်ပေးပါတယ်။ ဒီအာရုံကြောလေးတွေ မကျန်းမာတဲ့အခါ အထိအတွေ့တွေကို မသိတာမျိုး ဖြစ်နိုင်သလို နေ့စဉ် နေထိုင်မှုဘဝမှာ ထိခိုက်မှုတွေပါ ရှိလာနိုင်ပါတယ်။ ဒီတော့ အစွန်အဖျား အာရုံကြောလေးတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးရမှာလေးတွေ ရှိပါတယ်။ ဘာတွေများလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။
အစွန်အဖျားအာရုံကြောလေးတွေ မကျန်းမာတဲ့အခါ ထုံကျဉ်တာ၊ ထိတွေ့တာတွေကို မသိတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အစွန်အဖျား အာရုံကြောလေးတွေ ကျန်းမာစေဖို့ဆိုရင်တော့
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ
နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ခံစားမှု ကောင်းမွန်စေသလို နာကျင်မှုတွေကို သက်သာစေပြီး အစွန်အဖျား အာရုံကြောလေးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သွေးစီးဆင်းမှု ကောင်းစေပြီး အာရုံကြော ပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
- အစားအစာ ဂရုစိုက်ပါ
အစားအစာတွေကို အာဟာရ ပြည့်ဝအောင် စားသုံးပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ပြည့်ပြည့်ဝဝ ရရှိစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နောက်ထပ် ကောင်းကျိုး တစ်ခုကတော့ အစားအစာတွေကို အာဟာရ ပြည့်ဝအောင် စားပေးတာက အစွန်အဖျား အာရုံကြောတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် ဘီအုပ်စု၊ ဗီတာမင် ဒီတွေ ပါဝင်အောင် စားသုံးပေးပါ။
- ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစွန်အဖျား အာရုံကြောလေးတွေကို ကျန်းမာချင်တယ်ဆိုရင် ဒီအာရုံကြောတွေကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ် သောက်တာကို ရှောင်ပါ။
- အရက်ဖြတ်ပါ
အရက်သောက်တာက သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်သလို သွေးကြောလေးတွေကို ထိခိုက်စေနိုင်ပြီး အစွန်အဖျား အာရုံကြောကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစွန်အဖျား အာရုံကြောတွေကို ကျန်းမာစေဖို့ ဆိုရင်တော့ အရက်ဖြတ်ပါ။
- တရားထိုင်ပါ
တရားထိုင်တာက နာကျင်မှုတွေကို သက်သာစေပြီး အိပ်ရေး ဝဝအိပ်ပျော်စေသလို သွေးကြောလေးတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် အသက်ကို မှန်မှန်လေး ရှူရင်း တရားထိုင်ပေးပါ။
ဒီအချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် အစွန်အဖျား သွေးကြောလေးတွေ ကျန်းမာစေမှာပါ။
မွန်မွန်